ဟိုဘက်ခြံက မီးထိန်ထိန် (အပိုင်း ၂)

မောင်ရင်

ယှဉ် ကြည့် ၊ တွေးကြည့် စရာလေးတွေ

ပြီးခဲ့တဲ့ အပိုင်း(၁) အထိ ဆိုရင်တော့ ထိုင်း-သံလွင်-မြန်မာ ရဲ့  ဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ် လတ္တံ့ ဇာတ်လမ်းတွေကို ခြုံငုံသုံးသပ်လို့ ရမယ်ထင်ပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ထိုင်းနိုင်ငံ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံက တိုးတက်မှုနှုန်းကွာဟမှုကတော့ အားလုံးအသိပဲ ဖြစ်မှာပါ။ အခု နှိုင်းယှဉ်မှုကတော့ စွမ်းအင်အကြောင်းဖြစ်တဲ့အတွက် ဒီတစ်ခုတည်း high light လုပ်သွားမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးနီးပါး ကျေးလက်ဒေသရဲ့  (၉၅)ရာခိုင်နှုန်းမှာပါ လျှပ်စစ်ဓာတ်အား ရရှိနေတဲ့ ထိုင်းနိုင်ငံမှာ အခုဆိုရင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာနေလို့ စက်မှုကဏ္ဍတင်မက ကျေးလက်နေ တောရွာကလူတွေပါ လူနေမှုအဆင့်အတန်းမြင့်နေပြီး အဲယားကွန်း၊ ရေခဲသေတ္တာ စတဲ့ ပစ္စည်းတွေ အသုံးများလာနေလို့ လျှပ်စစ်စွမ်းအင်ဟာ လိုသည်ထက် လိုနေပါတယ်။ သူတို့ဆီမှာ လျှပ်စစ်ဓာတ်ထုတ်ဖို့ အဓိက အရင်းအမြစ်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ကလည်း ဝယ်လို့  လောက်တယ်ရယ် မရှိပါဘူး။

Continue reading

Advertisements

ထိုင်းနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းများ

ကျော်လင်းဦး

အာဏာပိုင်ဘုရင်စနစ်မှ စည်းမျည်းခံဘုရင်စနစ်သို့

၁၉၃၂ မှာ အနောက်ကလာတဲ့ အတွေးအခေါ်နဲ့ စည်းမျည်းခံဘုရင်စနစ်ကို ပြောင်းလဲပြီး နောက်ပိုင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေးအလှည့်အပြောင်းတွေ အများကြီးကြုံတွေ့ ခဲ့ရပါတယ်။ အာဏာရှိလူတန်းစားရဲ့  အတက်နဲ့ အကျဟာလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီ့ အရင်က ဘုရင်နဲ့  မှူးကြီးမတ်ရာ၊ မြေပိုင်ရှင်သူဌေးတွေသာ အာဏာရှိအသိုင်းအဝိုင်းမှာ ကောင်းစားနေပေမယ့် သာမန်ပြည်သူလူထုကတော့ နင်းပြားဘဝကနေ မတက်ပါဘူး။ ရာမ ၅ လို့ လူသိများတဲ့ ချူလာလောင်ကွန်းဘုရင်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ အများအပြား လုပ်ခဲ့ပါတယ်။ ပြုပြင်ပြင်ပြောင်းလဲရေးလုပ်ရတဲ့ အဓိကအကြောင်းကတော့ နိုင်ငံရဲ့  အရှေ့ နဲ့ အနောက်မှာကပ်နေတဲ့ ပြင်သစ်နဲ့  အင်္ဂလိပ်နယ်ချဲ့  နှစ်နိုင်ငံရဲ့  ရန်ကို ကြောက်လို့ ပါပဲ။ ဒါကြောင့် ဘုရင့်ရဲ့ လက်အောက်မှာ ဗျူရိုကရေစီယန္တယားတစ်ရပ် တည်ဆောက်ပြီး အနောက်ပုံစံအတိုင်း ဝန်ကြီးဌာနတွေ ထူထောင်ခဲ့ပါတယ်။ ပထမဆုံးဝန်ကြီးဌာနက ပြည်ထဲရေးဌာနဖြစ်ပြီး၊ အဲဒီ နောက်မှာ နိုင်ငံခြားရေး၊ ကာကွယ်ရေး စသည့်ဖြင့် ဆက်လက်ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီ ဝန်ကြီးဌာနတွေမှာ အသုံးပြုဖို့ ပညာတတ်ဗျူရိုကရက်တွေ မွေးထုတ်ရပါတယ်။ ဒီ့အရင်က ကျောင်းတို့၊ ကောလိပ်တို့ဆိုတာ ဘုရင့်မျိုးနွယ်စုဝင်တွေနဲ့  မှူးမတ် သူဌေးသူကြွယ်တွေရဲ့  သားသမီးများသာ တက်ဖို့ဖြစ်ပေမယ့် ဒီ့နောက်ပိုင်းမှာ သာမန်ပြည်သူထဲက ပညာတော်သူတွေ တက်ခွင့်ရခဲ့ပါတယ်။ ဒါတောင် အဲဒီဝန်ကြီးဌာနတွေမှာ အဓိကအားဖြင့် ဘုရင်နဲ့  မင်းညီမင်းသားတွေရဲ့  ဆွေမျိုးတွေသာ ဝင်လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် အောက်ခြေအဆင့်တွေမှာတော့ အရပ်သားတွေ စပြီး ပါဝင်နေပါပြီ။

Continue reading

အာရှဝရုန်းသုန်းကားဒီမိုကရေစီ

ဝင့်ထန်း

အာဏာရှင်စနစ်ကြီးစိုးမင်းမူလွန်းတဲ့ အာရှဒေသမှာ ထိုင်းနိုင်ငံကို ‘ဒီမိုကရေစီ အိုအေစစ်’ တစ်ခုအဖြစ် အရင်တုန်းက တင်စားချီးမွမ်းကြပါတယ်။ ယနေ့ကာလမှာတော့ ဒီအရှေ့ တောင်အာရှနိုင်ငံဟာ အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လူးလူးလိမ့်လိမ့် ပါပဲ။ ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ်အဖွဲ့ PAD က (၁၉၂)ရက်ကြာ ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး၊ ဘန်ကောက်လေဆိပ်ကြီးနှစ်ခုကို ရှစ်ရက်ကြာ ပိတ်ဆိုထားခဲ့ပါတယ်။ ဒီဇင်ဘာ (၃)ရက်နေ့ ပြန်ရုတ်သိမ်းတဲ့အချိန်မှာတော့ နိုင်ငံတော်တရားရုံးက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ပယ်ဖျက်ပစ်ပါတယ်။

အစိုးရသစ်ကို ဖွဲ့စည်းအတည်ပြုပြီးပါပြီ။ ဒါဟာ ၂၀ဝ၈ ခုနှစ်အတွင်း လေးခုမြောက် အစိုးရ ဖြစ်ပါတယ်။ အစိုးရဟောင်းကို ထောက်ခံသူတွေရဲ့ ဆူပူကန့်ကွက်မှုတွေကြောင့်၊ ဝန်ကြီးချုပ်သစ် အဘီဆစ် ဝိတ်ဂျာဂျီဝ အဖွင့်ပေါ်လစီမိန့်ခွန်းစတင်ဖို့ နှောင့်နှေးခဲ့ရတာ တွေရှိပါတယ်။ PAD မဟာမိတ်အဖွဲ့ ဟာ ၁၉၉၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ လူလတ်တန်းစားနဲ့ လူကုံထံအလွှာကို ကျောထောက်နောက်ခံပြုထားပါတယ်။ သူတို့ရဲ့  အဆုံးစွန်ရည်မှန်းချက်က မှုန်မှုန်ဝါးဝါး ‘နိုင်ငံရေးသစ်’ ဆိုတာဖြစ်ပြီး၊ ပါလီမန်နေရာအတွက် ဒီမိုကရက်တစ် မဟုတ်တဲ့ ခြေလှမ်းမျိုးတွေနဲ့ မကြာခဏ အပြောင်းအလဲ လုပ်ချင်တာမျိုးတွေလည်း ပါဝင်ပါတယ်။ သို့သော် အစိုးရသစ်နဲ့ ဝန်ကြီးချုပ်သစ် ဘယ်လောက်ခံမလဲဆိုတာတော့ ဗေဒင်ဆရာတွေနဲ့ လောင်းကြေးဒိုင်များ အလုပ်ရှုပ်နေကြပါတယ်။

Continue reading

ယဉ်ကျေးမှုအတားအဆီးနှင့် အခွင့်အလမ်းများ

ရဲမြင့်ကျော်

ကမ္ဘာအကြီးအကျယ်ဆုံး သမိုင်းဝင်ယဉ်ကျေးမှု အစဉ်အလာများဟာ အမျိုးမျိုး အဖုံဖုံကွဲပြား ပြောင်းလဲလျက်ရှိပါတယ်။ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေရဲ့  အမြင်သဘောထား၊ ယုံကြည်ချက်၊ တန်ဖိုး၊ အပြုအမူ၊ စရိုက်သွင်ပြင်ပုံစံတွေက ဒီမိုကရေစီဖွံ့ဖြိုးရေးကို အများကြီး အကျိုးဂယက် ဖြစ်စေပါတယ်။

ဒီမိုကရေစီ ဆန့်ကျင်ရေးကဲတဲ့ ယဉ်ကျေးမှုတစ်ခုဟာ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရက်တစ်နှုန်းစံများ ပျံ့ နှံ့မှုကို ပိတ်ပင်ကာဆီးထားပါတယ်။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ တရားဝင်ခွင့်မရအောင်လည်း ငြင်းဆန်ထားပါတယ်။ အင်စတီကျုးရှင်းတွေ လည်ပတ်နိုင်ဉီးတောင်မှ ရှုပ်ရှုပ်ထွေးထွေးပြဿနာတွေ တလှေကြီးဖန်တီးပေးပါတယ်။

ယဉ်ကျေးမှုကို စစ်တမ်းထုတ်ရင် အဓိကပုံစံနှစ်မျိုး ထွက်လာပါမယ်။ ကန့်သတ်ချုပ် တည်းထားသောအမြင် Restrictive version နဲ့ ကန့်သတ်ချုပ်တည်းမှုလျှော့ချထားသော အမြင် Less restrictive version ရယ်လို့ နှစ်ပိုင်းခွဲကြည့်လို့ရပါတယ်။ ပထမအချက်ကို အရင်ကြည့်ကြည့်ပါမယ်။

Continue reading

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် လူထုလှုပ်ရှားမှုများအရေးပါမှု

အောင်မိုးဇော်

နိဒါန်း

၁၉၈၀ လွန်နှစ်များနှင့် ၁၉၉၀ လွန်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာနိုင်ငံ အများအပြား၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လက်တွေ့ဖြစ်စဉ်များအရ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာလမ်းသည် ရှုပ်ထွေးကြမ်းတမ်းပြီး အသွင်သဏ္ဍာန်လည်း စုံလင်လှပါသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းရေး ဟူသည့် တူညီသော ရည်မှန်းချက် အောင်မြင်ရန်အတွက် နိုင်ငံတစ်ခုချင်းစီတွင် မတူကွဲပြားသော တော်လှန်ရေးများနှင့် လူထု လှုပ်ရှားမှုများ ရှိခဲ့ကြသည်။ ဤဖြစ်စဉ်အတွင်း အဆိုပါနိုင်ငံများသည် တူညီသော ပန်းတိုင် တစ်ခုသို့ ရောက်ရှိရန် မတူကွဲပြားသော လမ်းကြောင်းအသီးသီးကို ဖြတ်သန်းခဲ့ကြရသည်။ ထိုဖြစ်စဉ်အတွင်း နိုင်ငံအသီးသီးက ၎င်းတို့၏ သီးခြားထူးခြားမှုတို့နှင့်အညီ မတူကွဲပြားသော လမ်းကြောင်းအသီးသီးအား ဖြတ်သန်းခဲ့ကြရသော်လည်း အပြောင်းအလဲအတွက် အာဏာရှင် အစိုးရတို့အပေါ် သြဇာသက်ရောက်နိုင်ရေးကြိုးပမ်းကြရာတွင် လူထုလှုပ်ရှားမှု၏ အခန်းကဏ္ဍ မှာ သော့ချက်ကျလှပေသည်။ ပညာရှင်အများအပြားက ထိုနိုင်ငံရေးလှုပ်ရှားမှုများ (ဝါ) လူထု လှုပ်ရှားမှုများအား ဒီမိုကရေစီတော်လှန်ရေးများ ”democratic revolutions” ဟု သတ်မှတ် ခဲ့ကြသည်။ ယနေ့ကာလ၌ ဒီမိုကရေစီရေးလှုပ်ရှာမှုများ အားကောင်းပြီး တရားဝင်မှု ရရှိလာ ကာ မဟန့်တားနိုင် သည့် ကမ္ဘာ့ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ သို့သော်လည်း အပြည့်အဝ အောင်မြင်မှုရပြီဟု မဆိုနိုင်သေးပေ။ မြန်မာနိုင်ငံကဲ့သို့ ပိုမိုရက်စက်သော အာဏာရှင်များ အုပ်စိုးသည့်နိုင်ငံများတွင် လူထုလှုပ်ရှားမှုများသည် ပြင်းထန်သော တန်ပြန် ခုခံမှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးတွင် (အထူးသဖြင့် အသွင်ကူးပြောင်းရေးအကြိုကာလတွင်) လူထုလှုပ်ရှားမှုများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာရန် သင်ခန်းစာများထုတ်ယူရန် အထူးအရေးကြီးလှပေသည်။

Continue reading

အိန္ဒိယပြည်သူ့လူ့အဖွဲ့အစည်း

ဝင်းမြင့်မောင်

ခေတ်သစ်သမိုင်းစဉ်တလျှောက် အိန္ဒိယရဲ့ ထွေပြားမှုက ခြိမ်းခြောက်မှုလည်း ဖြစ်သလို ကယ်တင်ခြင်းလည်း ဖြစ်ပါတယ်။ ရင်ဖိုစရာ ကောင်းလှတဲ့ လူမျိုးစုအရေး၊ ဒေသဆိုင်ရာ အရေး၊ ဘာသာရေး အမျိုးမျိုး၊ ခွဲခြားတဲ့ ဇာတ်စနစ် စသည့်အရေးကိစ္စတို့ကို အလိုက်သင့် ဆက်ဆံနိုင်ဖို့၊ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ဖို့ သင်ယူထားမှသာ ဒီမိုကရေစီနိုင်ငံအနေနှင့် ဆက်လက် ရှင်သန်နိုင်မှာပါ။

တချိန်တည်းမှာပဲ အလွန်ကြီးမားကြွယ်ဝတဲ့ မြို့ နေလူမှုဘဝဖြစ်ပေါ်ရေးက အိန္ဒိယ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်လုပ်ဆောင်ရာမှာ အဓိကကျတဲ့ အခြေခံအုတ်မြစ် ဖြစ်နေပါ တယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တလျှောက် အိန္ဒိယမှာ အမျိုးမျိုးသော အသက်မွေးမှုပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ အောက်ခြေလူတန်းစားအသင်းအဖွဲ့များ၊ ဂန္ဒီ လူမှုလှုပ်ရှားမှုများနဲ့ လွတ်လပ်တဲ့ လူထု မီဒီယာတို့က တက်ကြွတဲ့ ပြည်သူ့လူ့အဖွဲ့အစည်းကို ပိုပြီး တောင့်တင်းသန်မာစေခဲ့ပါတယ်။

Continue reading

နှစ်ဆယ့်တစ်ရာစု အရပ်ဖက်လူ့အဖွဲ့အစည်း

ရဲနွယ်မိုး

ဒီမိုကရေစီက အစိုးရနဲ့ပြည်သူလူထု အဓိကနယ်ပယ်နှစ်ခုအကြား ဆက်နွယ်မှုကို ဖွင့်ဆိုပါတယ်။ ဒီမိုကရေစီရဲ့  ဉပဒေစည်းမျဉ်းတွေက ပြည်သူက အစိုးရအပေါ်လုပ်နိုင်တာ (အစိုးရ အစားထိုး လဲလှယ်နိုင်တာ) နဲ့ အစိုးရက ပြည်သူတွေကိုမလုပ်နိုင်တာ (တစ်ဉီးချင်း လွတ်လပ်ခွင့် မချိုးဖေါက်နိုင်တာ) နှစ်ခုကို အလေးထား ဖော်ပြပါတယ်။ သို့သော် တကယ့် လက်တွေ့အားဖြင့်တော့ ယနေ့မော်ဒန်ဒီမိုကရေစီက အဲဒီ့နှစ်ခုအပေါ်မှာသာ တည်နေတာ မဟုတ်ဘဲ နောက်ထပ် ဒေါက်တိုင်တစ်ခုအပေါ်မှာလည်း လုံးဝမူတည်နေပါတယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းဟာ နှစ်ဆယ့်တစ်ရာစု ဒီမိုကရက်တစ်နိုင်ငံရေးစနစ် အတွက် မရှိမဖြစ်အခရာကျတဲ့ တတိယ ဒေါက်တိုင်ပါ။ အရပ်ဖက်လူ့အဖွဲ့အစည်းက လူထုနဲ့ အုပ်ချုပ်သူ အာဏာပိုင်တို့ကြားမှာ ကြားခံ (buffer) အနေအထားဖြစ်ပါတယ်။ လူထုနဲ့ အစိုးရ ကင်းကွာမနေအောင် ဆက်စပ်ပေးပါတယ်။ နိုင်ငံသားတွေ အစိုးရနဲ့ စိမ်းမနေအောင် ထိန်းညှိပေးရင်း အာဏာလက်ဝယ်ရှိသူရဲ့  လော်မာနှိပ်စက်မှုကနေ အကာအကွယ်ပေးပါတယ်။

Continue reading