နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီ၏ ကိုယ်စားပြုခြင်းအခြေခံမူအယူအဆ

နော်ဇိုး

နိုင်ငံရေးပါတီ၏ အစကနဦး

          နိုင်ငံရေးပါတီများအဖြစ် စတင်ပေါ်ထွန်းချိန်က ၄င်းတို့ကို လူတစ်ဦးချင်းစီ၏ အကျိုး စီးပွားများအား ဖုံးလွှမ်းသွားမည့် သို့မဟုတ် အများစု၏ အကျိုးစီးပွားများအား ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မှတ်ယူခဲ့ကြသည်။  ယင်းသို့ မှတ်ယူမှုများအရ နိုင်ငံရေးပါတီများ တည်ရှိမှုသည် ဂျွန်လော့ခ်၏ နိုင်ငံရေးဒဿနတွင် အခြေခံသော လစ်ဘရယ်ဒီမိုကရေစီအစဉ်အလာနှင့် သော်လည်းကောင်း၊ ရူဆိုး၏ ဒီမိုကရေစီသဘောတရားအခြေခံများနှင့်သော်လည်းကောင်း ဆန့်ကျင်ကွဲလွဲနေသည်ဟု ဆိုကြသည်။  အဆိုပါ အနောက်ဥရောပ ရှေးရိုးအစဉ်အလာ လစ်ဘရယ် အတွေးအခေါ်များက ထိုအချိန်ကာလ (၁၉ရာစုအလယ်အထိ တည်ရှိခဲ့ကြသော) နိုင်ငံရေးပါတီများအား စေတနာ့ဝန်ထမ်းပုဂ္ဂလိကအစည်းအရုံးများ voluntary private associations အဖြစ်သာ သတ်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။ 

          ဂျာမန်လူမှုရေးသိပ္ပံပညာရှင် မက်က်စ်ဝက်ဘာ ၏ လေ့လာတင်ပြချက်အရ နိုင်ငံရေး ပါတီများမှာ ပေါ်ထွန်းစကာလ၌ အထက်တန်းလွှာလူကုံထံများ၏ အစုအဝေးဆိုသည့် ပုံသဏ္ဍာန်ထက် မပိုခဲ့။ သို့သော် နောက်ပိုင်းတွင် လူထုဒီမိုကရေစီအယူအဆ  Mass Democracy ရှေ့တန်းရောက်လာမှုနှင့်အတူ နိုင်ငံတော်နှင့် ပြည်သူတစ်ဦးချင်းစီအကြား တိုက်ရိုက် ဆက်သွယ်ရန် လက်တွေ့အရ မဖြစ်နိုင်သည့်အခြေအနေတွင် နိုင်ငံရေးပါတီများ၏ တည်ရှိမှုမှာ နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူတို့အကြား ကြားခံဆက်စပ်သည့် အဆောက်အအုံများအဖြစ် တရားဝင်မှု ဖြစ်လာခဲ့သည်။  သို့ဖြစ်ရာ လူထုဒီမိုကရေစီပေါ်ထွန်းလာမှုကြောင့် ခိုင်မာ အားကောင်းသည့် အမြဲတမ်းအဖွဲ့အစည်းပုံသဏ္ဍာန်အဖြစ် နိုင်ငံရေးပါတီပုံစံသစ် ဖြစ်ပေါ် လာခဲ့သည်ဟု မက်က်စ်ဝက်ဘာ က တင်ပြခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: