မော် နှင့် တိန့်

ဝင့်ထန်း

          တရုတ်ပြည်ဖခင်ကြီး မော်စီတုန်းရဲ့ နောက်ဆုံးနှစ်နှစ်တာကာလမှာ သူ့ကို အသေ မဖြောင့်အောင် ဒုက္ခပေးတဲ့ ပါတီတွင်း အုပ်စုတွေ ရှိခဲ့ပါတယ်။ မော်ရဲ့ပေါ်လစီတွေကို ဆန့်ကျင် အံတုနေတဲ့ တိန့်ရှောင်ပင်းကို ဗဟိုပြုထားတဲ့ အင်အားစု ပေါ်ထွက်လာပါတယ်။ တိန့်ဟာ မော် ကွယ်လွန်ပြီးနောက်မှာ မော်ရဲ့ လမ်းစဉ်အမွေ အမှားစုကို ရိုက်ချိုးချေမွပစ်သူပါ။

          မော်က ၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးအစပိုင်းမှာ တိန့်ကို ပါတီကနေ ထုတ် ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၃ ခုနှစ်မှာ တိန့်ကို ပါတီထိပ်ပိုင်းနေရာဆီ ပြန်ဆွဲခေါ်ခဲ့ပါတယ်။

          တိန့်ရှောင်ပင်းကို ၁၉ဝ၄ ခုနှစ်မှာ စီချွမ်ပြည်နယ်မှာ မွေးဖွားပြီး၊ မော်ထက် ဆယ့်တစ် နှစ် ငယ်ပါတယ်။ ၁၆ နှစ်သား အရွယ် ၁၉၂ဝ ခုနှစ်မှာ အလုပ်တပိုင်း၊ ပညာတပိုင်း အစီအစဉ်နဲ့ ပြင်သစ်ကို သွားခဲ့ပါတယ်။ ပြင်သစ်ရောက်တော့ ချူအင်လိုင်း လက်အောက်မှာ အလုပ်လုပ်ရင်း ကွန်မြူနစ် ဖြစ်ခဲ့ပါတယ်။

          ပြင်သစ်မှာနေတဲ့ ငါးနှစ်တာကာလက သူ့ဘဝတလျှောက်လုံး ပြင်သစ်ဆန်တဲ့အရာ တော်တော်များများကို ခုံမင်စွဲလမ်းခဲ့ပါတယ်။ ဝိုင်၊ ချိစ်၊ ပြင်သစ်နံနက်စာ ပေါင်မုန့်၊ ကော်ဖီ၊  ကဖေးဆိုင်နဲ့ ရေမွှေးနံ့တို့ပါပဲ။ တိန့်က သူရဲ့ဘဝ နောက်ဆုံးနေ့ရက်တွေမှာ စီချွမ်ပြည်နယ် သူ့အိမ်နားက လ္ဘက်ရည်ဆိုင်တွေကို ပြင်သစ်က ကဖေးဆိုင်တွေနဲ့ နှိုင်းယှဉ်ပြောရင်း ပဲရစ်မှာ သူကြိမ်ဖန်များစွာ ထိုင်ခဲ့ဖူးတဲ့ ကဖေးဆိုင်လေးကို လွမ်းတသသ ဖြစ်နေပါသေးတယ်။ ပြင်သစ်မှာ သူနဲ့အတူနေခဲ့တဲ့ တရုတ်ရဲဘော်တစ်ယောက်က တိန့်အကြောင်း ပြန်ပြောပြဖူးပါတယ်။ အရပ် ငါးပေ၊ ပုတလက်၊ လုံးလုံးဝိုင်းဝိုင်း၊ အရွှတ်အနောက်တွေနဲ့ ပြည့်လို့။ နောက်တော့ ပိုးတုံးလုံးဘဝ ကနေ အင်းဆက်ပိုးကောင်ကြီး ဖြစ်လာပါတယ်တဲ့။ တိန့်ရဲ့ ပါတီဘဝဆယ်စုနှစ်များက စာဖတ် အားကောင်း၊ တွေးအားကောင်းနဲ့ အလုပ်ပြတ်ပြတ်သားသားလုပ်ရဲသူ ဖြစ်စေခဲ့ပါတယ်။

2 Responses

  1. It is an article worth to read. Thanks to writer Wint Htann.

  2. Of course, what a extremely website additionally informative posts, I will add backlink – bookmark this website? Regards, Reader.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: