ကမ္ဘာကိုပြောင်းလဲစေသည့် ၁၉၇၉ နှင့် ၁၉၈၉

ဇော်မြင့်ကျော်

          နိုင်ငံရေးရောစွက်တဲ့ဘာသာရေး ထကြွလာမှုအကြောင်း၊ ကွန်မြူနစ်လွန် ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းနဲ့ မော်ဒန်ခေတ်ကို ခုတ်မောင်းနေတဲ့ ‘လေဆယ်ဖဲယား’ စီးပွားရေးအကြောင်းတွေ နားလည်ချင်ရင် ထွေလီကာလီတွေနဲ့ ခေါင်းခြောက်ခံမနေပါနဲ့။ ကမ္ဘာ တခွင် ပြဲပြဲစင်အောင် ပြောင်းလဲစေခဲ့တဲ့ ၁၉၇၉ နဲ့ ၁၉၈၉ ခုနှစ်ရဲ့ ဖြစ်ရပ်တွေကိုပဲ ပြန်ပြောင်း စဉ်းစားကြည့်ပါ။

          ၁၉၇၉ ခုနှစ်ဟာ နိုင်ငံတကာရေးရာမှာ ထူးခြားတဲ့ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ် နိုင်တဲ့နှစ်ပါ။ အီရန်မှာ ရှားဘုရင်ကိုဖြုတ်ချပြီး အယာတိုလာခိုမေနီ အာဏာရလာတဲ့နောက် ကမ္ဘာ့အစ္စလာမ်တော်လှန်ရေးအခင်းအကျင်း တခွင်လုံး ပြောင်းလဲစေတဲ့နှစ်။ ဆိုဗီယက်ယူနီယံက အာဖဂနစ္စတန် ရေသေချောင်းထဲ ကျုးကျော်ဝင်ရောက်ပြီး ကြမ္မာငင်ခြင်းက ကွန်မြူနစ်အင်ပါယာ သေတွင်းတူးဖို့ စခဲ့တဲ့နှစ်။

          ဝန်ကြီးချုပ် မာဂရက်သက်ချာက ဗြိတိသျှကွန်ဆာဗေးတစ်အုပ်စုကို ကြွစောင်းစောင်း ဖြစ်အောင် ပင့်ပေးခဲ့တဲ့နှစ်။ မာဂရက်သက်ချာရဲ့ သြဇာက အနောက်နိုင်ငံရေးမှာ အပြောင်းအလဲတွေဖြစ်စေရုံမျှမက၊ နောက်ဆက် ဈေးကွက်ဂလိုဘယ်လိုက်ဇေးရှင်းကို ပုံဖေါ် ပေးနိုင်ခဲ့ပါတယ်။

          ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)ရဲ့ ၁၉၇၉ ခုနှစ် နွေရာသီ ပိုလန်အိမ်အပြန် သာသနာပြုခရီးက အရှေ့ဥရောပနဲ့ ဗဟိုဥရောပမှာ ၁၉၈၉ အထိ ဆက်တိုက်ဆိုသလို အကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအကူးအပြောင်းတွေ ပေါ်ထွက်စေခဲ့တယ်။ ၁၉၇၉ မှာပဲ တိန့်ရှောင်ပင်းက ကွန်မြူနစ်တရုတ်ပြည် ကမ္ဘာ့ဈေးကွက်ထဲဝင်ဖို့ ပထမဆုံး ခြေလှမ်းတွေ စလှမ်းခဲ့တဲ့ နှစ်ဖြစ်ပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: