တရုတ်နိုင်ငံဒီမိုကရေစီ

ဇော်မြင့်ကျော်

“တရုတ်ကြီး အိပ်ပျော်နေပါစေ၊ သူနိုးလာရင် ကမ္ဘာကြီးမှာ ဝမ်းနည်းစရာတွေ ဖြစ်လိမ့်မယ်” လို့ နပိုလီယံ တခါက ပြောဖူးပါတယ်။ နှစ်ဆယ်ရာစုရဲဉန နောက်ဆုံး ဆယ်စုနှစ်ခုမှာတော့ တရုတ်နဂါးကြီး နိုးထလာပါတယ်။ ကွန်မြူနစ်စတိုင်လ် ဗဟိုချုပ်ကိုင်စီမံကိန်း စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက်စနစ်ဆီသွားဖို့ ဆက်တိုက်ုပုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အနောက်နိုင်ငံများမှာ နှစ်ပေါင်း ၂၀ဝ လောက်ဖြတ်ခဲ့ရတဲ့ စက်မှုခေတ်ကို ဆယ်စုနှစ် နှစ်ခုသာသာအတွင်း အံ့မခန်းလုပ်ဆောင်ပြပြီး၊ နှစ်စဉ် ကိန်းဂဏန်းနှစ်လုံး တိုးတက်မှု (double-digit growth) ကို ရရှိနေပါတယ်။

၁၉၇၈ နဲ့ ၂၀ဝ၈ ခုနှစ်အကြား နှစ်(၃၀) ပြုပြင်ပြောင်းလဲမှုကာလအတွင်းမှာ တရုတ်ပြည်သူလူထုရဲ့  လူနေမှုအဆင့်အတန်းက ရုပ်ပိုင်းဆိုင်ရာအားဖြင့် ခွန်နှစ်ဆတိုးတက်ခဲ့ပါတယ်။ ဒီကာလမှာ တရုတ်ဟာ ပြင်ပတိုင်းပြည်များရဲ့  အဓိက ရင်းနှီးမြှုပ်နှံမှုလက်ခံရာဌာနေ ဖြစ်လာပြီး၊ ဂလိုဘယ်ကုန်သွယ်ရေးစနစ်မှာ အရေးပါအခရာကျဆုံး ဖြစ်လာပါတယ်။ နိုင်ငံခြားကုန်သွယ်မှုက ၁၉၇၉ ခုနှစ်မှာ ၂၀ ဘီလီယံဒေါ်လာရှိပြီး၊ ၂၀ဝ၅ မှာတော့ တစ် ထရီလီယံဒေါ်လာ ပမာဏတန်ဖိုးအထိ မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့လူဉီးရေ အထူထပ်ဆုံးနဲ့ တတိယအကြီးမားဆုံး နျူးကလီးယား လက်နက်ပိုင်ဆိုင်တဲ့ တိုင်းပြည်ဟာ အခု ၂၁ ရာစုမှာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကို ရရှိနေပါပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: