Posted on November 15, 2009 by ahlinyanant
ဘိုဘိုလန်းစင် (၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ တနည်း တရုတ်နီဟုလည်းသိကြသော နိုင်ငံထူထောင် သည်မှာ အနှစ်၆ဝရှိပီ ဆိုသော်ငြား မြန်မာပြည်တွင်ကား ဤ ၆ဝပြည့်ပွဲကို စိတ်ဝင်တစား ဝမ်းပါးမည့်သူ အလွန်ရှားပါး ပါလိမ့်မည်။ အိုဘားမား နန်းတက်ပွဲပရိသတ်နှင့် လားလားမှ မဆိုင်ဘဲ ဘဝချင်းမတူတော့သည့် တရုတ်ပြည်ကို စီးပွားရေးနယ်ချဲ့တမျိုးဟု မြင်သူသာ များပါ ၏။ ဆွေမျိုးပေါက်ဖော်ဟု မည်သို့ပင် ဆိုစေကာမူ စင်စစ် ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးမှာ ဝါဒချင်း ပြိုင်ရုံသာမကကြီးနိုင်ငယ်ညှဉ်း လက္ခဏာဆောင်သည့်ကာလများလည်း မကင်းခဲ့။ ပမာဆောင်ရလျှင် မြို့သားလူလည်က တောသားကို အညွန့်ခူးစားသည့်ပမာတည်း။ ထိုတိုင်းပြည်နှင့်ပတ်သက်၍ ခေတ်အဆက်ဆက် မြန်မာပညာတတ်လူတန်းစား၏ ထင်မြင်ချက် ပြောင်းလဲလာပုံကိုလည်း ပြန်ပြောင်းမြင်ယောင်မိပါ၏။ တရုတ်နီဟုမဖြစ်ခင် အနှစ် လေးဆယ်လောက်ကပင် သူရိယစသည့် ခေတ်သစ်သတင်းစာများ ကျေးဇူးဖြင့် မန်ချူးပဒေ သရာဇ်ကို [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ရဲမြင့်ကျော် ပေကျင်းမြို့ တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် လူသတ်ပွဲဟာ ၂ဝဝ၉ ဇွန်လ (၃)ရက်၊ (၄)ရက်မှာ အနှစ် နှစ်ဆယ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၁၉၇၄ ခုနှစ် ပေါ်တူဂီရဲ့ အပြောင်းအလဲကစလို့ တကမ္ဘာလုံးမှာ ဒီမိုကရေစီအရေးတွေ လှုပ်လှုပ်ရွရွဖြစ်လာပြီး တောင်အမေရိက၊ အရှေ့ဥရောပနိုင်ငံတွေကို ကူးစက်သွားပါတယ်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး နောက်နှစ်မှာ တီယန်မင်အရေးအခင်းဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဘာလင်တံတိုင်းပြို၊ ဆိုဗီယက်ပြည်ထောင်စု ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်မှုနဲ့ စစ်အေးခေတ်အဆုံးသတ်သွားပြီး ကမ္ဘာ့အခင်းအကျင်းတွေ ပြောင်းလဲသွားပါတယ်။ တရုတ်ရဲ့ လက်ရှိအနေအထားက ရင်တထိတ်ထိတ်နဲ့ပါ။ ပြည်နယ်တွေမှာ ဆန္ဒပြမှု တွေဖြစ်နေတယ်။ အနှစ်(၂ဝ)ပြည့်အတွက် အထိမ်းအမှတ်ပွဲတွေ မလုပ်နိုင်အောင် တီယန်မင် ရင်ပြင်အပြည့် လုံခြုံရေးအစောင့်အကြပ်တွေ ချထားခဲ့တယ်။ နိုင်ငံခြားဧည့်သည်တွေကို ဝင်ပေါက် တွေမှာ အသေချာ ရှာဖွေစစ်ဆေးတယ်။ သတင်းထောက်တွေ [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ဝင့်ထန်း တရုတ်ပြည်ဖခင်ကြီး မော်စီတုန်းရဲ့ နောက်ဆုံးနှစ်နှစ်တာကာလမှာ သူ့ကို အသေ မဖြောင့်အောင် ဒုက္ခပေးတဲ့ ပါတီတွင်း အုပ်စုတွေ ရှိခဲ့ပါတယ်။ မော်ရဲ့ပေါ်လစီတွေကို ဆန့်ကျင် အံတုနေတဲ့ တိန့်ရှောင်ပင်းကို ဗဟိုပြုထားတဲ့ အင်အားစု ပေါ်ထွက်လာပါတယ်။ တိန့်ဟာ မော် ကွယ်လွန်ပြီးနောက်မှာ မော်ရဲ့ လမ်းစဉ်အမွေ အမှားစုကို ရိုက်ချိုးချေမွပစ်သူပါ။ မော်က ၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးအစပိုင်းမှာ တိန့်ကို ပါတီကနေ ထုတ် ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၃ ခုနှစ်မှာ တိန့်ကို ပါတီထိပ်ပိုင်းနေရာဆီ ပြန်ဆွဲခေါ်ခဲ့ပါတယ်။ တိန့်ရှောင်ပင်းကို ၁၉ဝ၄ ခုနှစ်မှာ စီချွမ်ပြည်နယ်မှာ မွေးဖွားပြီး၊ မော်ထက် ဆယ့်တစ် နှစ် ငယ်ပါတယ်။ ၁၆ နှစ်သား အရွယ် ၁၉၂ဝ [...]
Filed under: ဂျာနယ်, အမှတ် (၄) | 2 Comments »
Posted on November 15, 2009 by ahlinyanant
မော်စီ ၂ဝဝ၉ ခုနှစ် သြဂုတ်လ ရွေးကောက်ပွဲမှာ ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အပြတ်အသတ် အောင်ပွဲရခဲ့ခြင်းဟာ တိုင်းပြည်ရဲ့ ရွေးကောက်ခံနိုင်ငံရေးသမိုင်းမှာ အလှည့် အပြောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဒီ့မတိုင်ခင် ဂျပန်နိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က အာဏာကြီးစိုးလာခဲ့တာ လွန်ခဲ့တဲ့ ရာစုနှစ် တဝက်နီးပါးခန့် ရှိခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အပေါ် လူကြိုက်နည်းလာမှု၊ တိုင်းပြည် စီးပွားရေး ကျဆင်းနေမှုနဲ့ နိုင်ငံရေးအပေါ် ပြည်သူလူထုရဲ့ မကျေနပ်မှုတွေ တိုးပွားလာမှု စတာ တွေကြောင့် အတိုက်အခံပါတီအတွက် အခွင့်အလမ်း ပွင့်သွားခဲ့တာပါ။ ၂ဝဝ၇ ရွေးကောက်ပွဲ မှာကတည်းက ဒီမိုကရက်တစ်ပါတီက ဒိုင်းယက် Diet (parliament) ရဲ့ အထက်လွှတ်တော်မှာ အများစုနေရာကို ရထားခဲ့ပါတယ်။ [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ရဲနွယ်မိုး ကမ္ဘာ့ဇာတ်ခုံမှာ အင်ဒိုနီးရှားရဲ့ တမူထူးတဲ့ အပြောင်းအလဲ အချိုးအကွေ့တွေကို မော်ဒယ်တစ်မျိုးလို့ ယူဆကြပါတယ်။ အဓိကအချက်က အာဏာရှင်နိုင်ငံများ ခြေမကိုင်မိ လက် မကိုင်မိနဲ့ ထွက်ပေါက်ပိတ်လာတဲ့အခါ အင်ဒိုနီးရှားပုံစံကို လေ့လာသလိုလို၊ အတုခိုးရမလိုလို။ နောက်ကြောင်း ခဏပြန်လိုက်ကြရအောင်။ အင်ဒိုနီးရှားကို ဒုတိယကမ္ဘာစစ် အပြီးကစလို့ သမတဆူကာနိုက ဦးဆောင်ပါတယ်။ တိုင်းပြည်အကျိုးစီးပွား ကာကွယ်လွန်းလို့ ဆူကာနိုနဲ့ ချမ်းသာတဲ့နိုင်ငံကြီးများ လုံးဝမတည့်ရေးချ မတည့်။ နိုင်ငံပိုင်သိမ်းပြီး ဆင်းရဲသားတွေကို ဓနပြန်ခွဲဝေဖို့ ကြိုးစားတဲ့ ‘ရော်ဘင်ဟု’စတိုင် ဆိုရှယ်လစ်စနစ်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်တို့ကို အနောက်အကျိုးစီးပွားလက်ဝေခံတွေလို့ ပစ်ပစ်နှစ်နှစ်စွပ်စွဲ ငြင်းပယ်ထားသူ။ ဆူကာနိုဟာ မျိုးချစ်အမျိုးသားရေးဝါဒီတစ်ယောက်ပါ။ ကွန်မြူနစ်မဟုတ်ပေမယ့် တက်ကြွသူအဖွဲ့ဝင်သုံးသန်းကျော်ရှိတဲ့ ကွန်မြူနစ်ပါတီနဲ့ တွဲအလုပ်လုပ်နေသူ။ ဒီတော့ အမေရိကန်နဲ့ ဗြိတိသျှအစိုးရတွေက [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ဇော်မြင့်ကျော် နိုင်ငံရေးရောစွက်တဲ့ဘာသာရေး ထကြွလာမှုအကြောင်း၊ ကွန်မြူနစ်လွန် ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းနဲ့ မော်ဒန်ခေတ်ကို ခုတ်မောင်းနေတဲ့ ‘လေဆယ်ဖဲယား’ စီးပွားရေးအကြောင်းတွေ နားလည်ချင်ရင် ထွေလီကာလီတွေနဲ့ ခေါင်းခြောက်ခံမနေပါနဲ့။ ကမ္ဘာ တခွင် ပြဲပြဲစင်အောင် ပြောင်းလဲစေခဲ့တဲ့ ၁၉၇၉ နဲ့ ၁၉၈၉ ခုနှစ်ရဲ့ ဖြစ်ရပ်တွေကိုပဲ ပြန်ပြောင်း စဉ်းစားကြည့်ပါ။ ၁၉၇၉ ခုနှစ်ဟာ နိုင်ငံတကာရေးရာမှာ ထူးခြားတဲ့ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ် နိုင်တဲ့နှစ်ပါ။ အီရန်မှာ ရှားဘုရင်ကိုဖြုတ်ချပြီး အယာတိုလာခိုမေနီ အာဏာရလာတဲ့နောက် ကမ္ဘာ့အစ္စလာမ်တော်လှန်ရေးအခင်းအကျင်း တခွင်လုံး ပြောင်းလဲစေတဲ့နှစ်။ ဆိုဗီယက်ယူနီယံက အာဖဂနစ္စတန် ရေသေချောင်းထဲ ကျုးကျော်ဝင်ရောက်ပြီး ကြမ္မာငင်ခြင်းက ကွန်မြူနစ်အင်ပါယာ သေတွင်းတူးဖို့ စခဲ့တဲ့နှစ်။ ဝန်ကြီးချုပ် မာဂရက်သက်ချာက ဗြိတိသျှကွန်ဆာဗေးတစ်အုပ်စုကို ကြွစောင်းစောင်း ဖြစ်အောင် ပင့်ပေးခဲ့တဲ့နှစ်။ မာဂရက်သက်ချာရဲ့ [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
သိုက်နိုင်ဝင်း စကားချီး ယခုစာစု၏ အကျဉ်းဆိုလိုရင်းမှာ ဒီမိုကရက်တစ် အင်စတီကျုးရှင်းများကို လွယ်လွယ် ကူကူ တည်ဆောက်၍ မရနိုင်။ လူမှုရေးနှင့် ယဉ်ကျေးမှုနောက်ခံအနေအထား အခင်းအကျင်း ကောင်းများ တည်ရှိမှသာ ဖြစ်ထွန်းနိုင်သည်ဟု ဆိုပါသည်။ သို့နှင့်တိုင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် မော်ဒန်နိုက်ဇေးရှင်းက ထိုအင်စတီကျုးရှင်းအခြေခံများ လမ်းကြောင်းမှန်သို့ ရောက်အောင် တွန်းပို့ပေးပြီး၊ ဒီမိုကရေစီစနစ်သည်လည်း တိုးတက်အလုပ်ဖြစ်လာနိုင်မည်ဟု ဆိုပါသည်။ မစ်ချီဂန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ Ronald Ingle Hart နှင့် ဂျာမန်နိုင်ငံရေးသိပ္ပံ ပါမောက္ခ Christian Wetzel တို့နှစ်ဦး၏ ဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းကောက်ယူချက် များအပေါ် အခြေပြုရေးသားသည့် ‘Modernization, Cultural Change and Democracy’ စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ဝင်းမြင့်မောင် ၂ဝ ရာစု အဆုံးမသတ်မီကာလဟာ ဒီမိုကရေစီကို အောင်ပန်းဆင်နိုင်ခဲ့ချိန်များ ဖြစ်ပါ တယ်။ ဒီမိုကရက်တစ်အိုင်ဒီယာ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ ခရီးပေါက်ခဲ့ကြပုံတွေကြောင့် လူ့သမိုင်းရဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ အမြိုင်ဆိုင်ဆုံးအချိန်လို့တောင် ပြောလို့ရပါတယ်။ သို့သော် ၂ဝ ရာစုရဲ့ ဒီမိုကရေစီခရီးစဉ်ဟာ လွယ်လွယ်ကူကူမဟုတ်ဘဲ၊ အကြောင်းမလှ အရေးနိမ့်ခဲ့ရမှုတွေ အဖြစ်ဆုံးကာလလည်း ဖြစ်ပါတယ်။ နိုင်ငံတွေဟာ ဒီမိုကရေစီကို တည်ထောင်ဖို့ လုံးပမ်းရင်း ပြိုလဲသွားရတဲ့ အကြိမ်ပေါင်းက (၇ဝ)ထက်မနည်း ရှိခဲ့ပါတယ်။ အာဏာရှင်တပိုင်း အစိုးရပုံစံတွေလက်ထဲ အာဏာသက်ဆင်းသွားခဲ့တယ်။ ဒီနေရာမှာ မေးခွန်းနှစ်ခု ဖြစ်လာတယ်။ ကမ္ဘာအနှံ့အပြားက တိုင်းပြည်တွေရဲ့ ဒီမို ကရက်တစ် အင်စတီကျူး တည်ဆောက်ကြပုံတွေကို ဘယ်လို ရှင်းပြကြမလဲ။ ပြီးတော့ ဒီမို ကရက်တစ် အင်စတီကျူးရှင်းတွေ တည်ဆောက်ရင်းနဲ့ [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
ဇော်ဇော်ထွန်း လွတ်လပ်ပွင့်လင်းပြီး ပြိုင်ဆိုင်မှုရှိသော ဒီမိုကရက်တစ်နိုင်ငံရေးစနစ်တွင် ခိုင်မာ အားကောင်းသည့် နိုင်ငံရေးပါတီများ တည်ရှိရန် လိုအပ်သည်။ အဆိုပါ နိုင်ငံရေးပါတီများသည် ရပ်တည်ရှင်သန်ရေး၊ ယှဉ်ပြိုင်နိုင်ရေးနှင့် ဒီမိုကရက်တစ်လုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ရေးတို့အတွက် ပါတီရံပုံငွေများ ရှိရန်လည်း လိုအပ်သည်။ သို့သော် ယင်းသို့ နိုင်ငံရေးရံပုံငွေများနှင့် ရံပုံငွေထည့်ဝင်သူများ၊ သုံးစွဲသူများနှင့်ပတ်သက်၍မူ ပြဿနာနယ်ပယ် အဖြစ် ရှုမြင်လေ့ရှိကြသည်။ တချို့အခြေအနေများတွင် ဒီမိုကရေစီအတွက် အန္တရာယ်ဟုပင် ဆိုလေ့ရှိသည်။ နိုင်ငံရေးပါတီများအနေဖြင့် ရံပုံငွေကို မည်သို့ ရှာဖွေစုဆောင်းသင့်သည် ဆိုသည့် ကြောင်းချင်းရာနှင့်ပတ်သက်၍လည်းကောင်း၊ ရံပုံငွေထည့်ဝင်ခြင်း၊ သုံးစွဲခြင်း၊ အများပြည်သူသို့ ရှင်းတမ်းထုတ်ပြန်ခြင်း စသည်တို့ဆိုင်ရာ ဥပဒေစည်းမျဉ်းများ ချမှတ်ရေးနှင့်ပတ်သက်၍ လည်း ကောင်း အားလုံးသဘောတူလက်ခံနိုင်သည့် ပုံစံမျိုး မရှိသေးပေ။ မည်သို့ပင်ဆိုစေ နိုင်ငံရေး ရံပုံငွေဆိုင်ရာမူဝါဒများ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများက [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
နော်ဇိုး နိုင်ငံရေးပါတီ၏ အစကနဦး နိုင်ငံရေးပါတီများအဖြစ် စတင်ပေါ်ထွန်းချိန်က ၄င်းတို့ကို လူတစ်ဦးချင်းစီ၏ အကျိုး စီးပွားများအား ဖုံးလွှမ်းသွားမည့် သို့မဟုတ် အများစု၏ အကျိုးစီးပွားများအား ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းသို့ မှတ်ယူမှုများအရ နိုင်ငံရေးပါတီများ တည်ရှိမှုသည် ဂျွန်လော့ခ်၏ နိုင်ငံရေးဒဿနတွင် အခြေခံသော လစ်ဘရယ်ဒီမိုကရေစီအစဉ်အလာနှင့် သော်လည်းကောင်း၊ ရူဆိုး၏ ဒီမိုကရေစီသဘောတရားအခြေခံများနှင့်သော်လည်းကောင်း ဆန့်ကျင်ကွဲလွဲနေသည်ဟု ဆိုကြသည်။ အဆိုပါ အနောက်ဥရောပ ရှေးရိုးအစဉ်အလာ လစ်ဘရယ် အတွေးအခေါ်များက ထိုအချိန်ကာလ (၁၉ရာစုအလယ်အထိ တည်ရှိခဲ့ကြသော) နိုင်ငံရေးပါတီများအား စေတနာ့ဝန်ထမ်းပုဂ္ဂလိကအစည်းအရုံးများ voluntary private associations အဖြစ်သာ သတ်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။ ဂျာမန်လူမှုရေးသိပ္ပံပညာရှင် မက်က်စ်ဝက်ဘာ ၏ လေ့လာတင်ပြချက်အရ နိုင်ငံရေး ပါတီများမှာ ပေါ်ထွန်းစကာလ၌ အထက်တန်းလွှာလူကုံထံများ၏ [...]
Filed under: ဂျာနယ်, အမှတ် (၄) | Leave a Comment »
Posted on November 15, 2009 by ahlinyanant
အယ်ဒီတာ့တင်ပြချက် နိုင်ငံရေးပါတီတွေရဲ့ ပင်ကိုယ်သဘောနဲ့ ဒီမိုကရေစီကျင့်သုံးမှုပုံစံအမျိုးမျိုးတို့အကြား ဆက်နွယ်မှုသမိုင်းကို လေ့လာတဲ့အခါ ဒီမိုကရေစီစနစ်မှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံရေး အဆောက်အအုံတွေအဖြစ် နိုင်ငံရေးပါတီတွေကို လက်ခံအသိအမှတ်ပြုကြတာကို တွေ့ရတယ်။ နိုင်ငံရေးပါတီတွေ ပေါ်ထွန်းစ အစောပိုင်းကာလတွေမှာတော့ သူတို့ကို စေတနာ့ဝန်ထမ်း ပုဂ္ဂလိကအစည်းအရုံးတွေ voluntary private associations အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဒီမိုကရေစီအတွက် လိုအပ်တဲ့ အများပြည်သူသုံး အဆောက် အအုံတွေ public utility အဖြစ် ပြောင်းလဲ လက်ခံလာခဲ့ကြတယ်။ ဒီအချက်ကို မကြာခင်က ဖြစ်ပေါ်ခဲ့ကြတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းကြတဲ့ လက်တွေ့ဖြစ်စဉ်တွေက သက်သေပြနေ ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တဝက်ကျော်က ပညာရှင်တစ်ဦးရဲ့ ထင်ရှားခဲ့တဲ့ အဆိုတစ်ရပ် ရှိတယ်။ “နိုင်ငံရေးပါတီတွေက ဒီမိုကရေစီကို ဖန်တီးခဲ့ကြပြီး၊ ခေတ်သစ်ဒီမိုကရေစီစနစ် [...]
Filed under: ဂျာနယ်, အမှတ် (၄) | 1 Comment »